|

သဘာဝရင်းမြစ်ကျိန်စာသင့်ခြင်းသည် မြန်မာနိုင်ငံနှင့်အကျုံးဝင်မှု ရှိ မရှိ သုံးသပ်ခြင်း

၂၀၁၃ ခုနှစ်၊ ဧပြီလ ၃၀ ရက် (အင်္ဂါနေ့) ထုတ် မော်နီတာဂျာနယ် Vol. 2 No. 52 ပါ ဆောင်းပါး။

သဘာဝရင်းမြစ်ကျိန်စာသင့်ခြင်းသည် မြန်မာနိုင်ငံနှင့်အကျုံးဝင်မှု ရှိ မရှိ သုံးသပ်ခြင်း

ဒုတိယပိုင်း

နိုင်ငံရေးနှင့် စီးပြားရေးဗေဒလေ့လာသူပညာရှင်များက ကမ္ဘာတစ်ဝှမ်းရှိ နိုင််ငံများကို သူတို့၏လေ့လာမှုအရ သဘာဝရင်းမြစ်ကျိန်စာသင့် ခြင်းခံရသည့်နိုင်ငံများတွင် အောက်ဖေါ်ပြပါအချက်များကို ထင်ထင်ရှားရွား တွေ့ရှိရသည်ဟုဆိုသည်။

၁။ ဆင်းရဲချမ်းသာကွာခြားမှု မြင့်မားခြင်း။
၂။ သဘာဝရင်းမြစ်များကိုအစိုးရနှင့်လက်သင့်ရာအပေါ်လွှာအုပ်စုမှလက်ဝါးကြီးအုပ်ထားခြင်း။
၃။ သဘာဝရင်းမြစ်အကျိုးအမြတ်များကို ပြည်သူများခံစားခွင့်မရဘဲ လက်တစ်ဆုပ်စာလူတစ်စုကသာ ခံစားနေခြင်း။
၄။ သဘာဝရင်းမြစ်များကြောင့် ပြည်သူတို့၏ဘဝတိုးတက်ချမ်းသာမလာဘဲ ပိုမိုအတိဒုက္ခရောက်ခြင်း။
၅။ သဘာဝရင်းမြစ်ပေါကြွယ်ဝမှုကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုစီးပွားရေးလုပ်ငန်းများထက် သဘာဝရင်းမြစ် ထုတ်လုပ်မှုကိုသာ အစိုးရက ဦးစားပေးနေခြင်း။

Similar Posts