မိမိကိုယ်ကို အင်အားရှိအောင် ပြုလုပ်ခြင်း (Self Strengthening by Li Hung Chang)
လီဟန်းချင် ၁၈၂၃-၁၉၀၈ (Li Hung- Chang [1823- 1908]) သည် ကိုယ့်အင်အားကိုယ် တည်ဆောက် ဖို့လိုကြောင်းကို ထပ်ခါတလဲလဲ ပြောကြားခဲ့သည့် တရုတ်ဗိသုကာကြီးဖြစ်သည်။ သူက-
ယခုလက်ရှိ အခြေအနေအရ လူအရိုင်းအစိုင်းများဟု ပြောနေသူများကို ကျွန်ုပ်တို့က သူတို့နဲ့ သင့်တင့်လျောက်ပတ်အောင် နေနိုင်ဖို့ လိုအပ်နေပြီဆိုတာကို ပြခဲ့တယ်
ဟု တရုတ်နှင့်နိုင်ငံခြားတိုင်းပြည်များ စစ်ဖြစ်ရာတွင် တရုတ်တို့ရှုံးနိမ့်ခဲ့ ရသည့် ၁၈၄၀- ၄၂ ၊ ၁၈၆၀ နှင့် ၁၈၈၅ ခုနှစ်တို့ကို ရည်ညွှန်းပြောကြားခဲ့သည်။
“ပြည်တွင်းအခြေအနေကို သုံးသပ်ရမယ်ဆိုရင် ငါတို့ဌာနဆိုင်ရာတွေအားလုံးကို ပြုပြင်ပြောင်းလဲဖို့လိုပြီ။ တကယ်လို့ ငါတို့ဟာ ရှေးရိုးဝါဒီများ အဖြစ်သာ ခေါင်းမာနေခဲ့ပြီး ပြုပြင်ပြောင်းလဲဖို့ကို ငြင်းဆန်ခဲ့ရင် ငါတို့နိုင်ငံတော်ရဲ့ စိတ်ဓာတ်ဟာ တစ်နေ့ထက် တစ်နေ့ နိမ့်ကျသွားမှာပဲဖြစ်တယ်” နိုင်ငံခြားတိုင်းပြည်တွေဟာ ပြုပြင်ပြောင်းလဲမှုတွေ တစ်ခုပြီး တစ်ခုပြုရင်း လျှင်လျှင်မြန်မြန် တိုးတက်လာခဲ့ပြီးဖြစ်တယ်။
ဒလဟောစီးဆင်းလာတဲ့ အထက်မြစ်ညာက ရေးစီးကြောင်းလို ပြောင်းလဲတိုးတက်နေခဲ့တယ်။ တရုတ်ကတော့ မိမိတို့ရဲ့ ရှေးရိုးဌာနတွေရဲ့ လုပ်ထုံးလုပ်နည်း အတိုင်း ဆုပ်ကိုင်ထားဆဲဖြစ်တယ်။
